အိပ်မက်ကလေးသာ
ဖြစ်လိုက်ပါတော့ ဖေဖေရယ် … ။
၁။
ဖေဖေရေ..
ဖေဖေ။
ဖေဖေ
သိပါရဲ့လား။ သမီးနဲ့ ဖေဖေကြားမှာ အမှတ်တရတွေဆိုတာ လက်ချိုးရေတွက်လို့ရလောက်အောင်ထိ
နည်းပါးခဲ့တယ်ဆိုတာလေ။ ဖေဖေ သတိထားမိခဲ့ပါရဲ့လား။ အဲသည် နည်းပါးတဲ့ အမှတ်တရတွေ တစ်ခုချင်းစီကပဲ
အခုတော့ သမီးရင်ထဲမှာ အသွားချွန်ချွန်နဲ့ မြားတွေလို စိုက်ဝင်နေကြပါပြီ။
လွမ်းတယ်
ဖေဖေရယ်။ ဖေဖေ့ကို သမီး သိပ်လွမ်းတယ်။ သမီး လွမ်းနေတာတွေကို ဖေဖေ သိနေလား။ သိမှာလား။
သိနိုင်ပါ့မလားဟင်။ ဖေဖေ မသိနိုင်တော့ပါဘူး ဖေဖေရယ်။ ဖေဖေ မသိပါဘူး။ ဟောသည်မှာ သမီးလေ
ဖေဖေ့ကို လွမ်းလွန်းလို့ သည်းအူပြတ်မတတ် ငိုနေရတယ်။ ဖေဖေကတော့ ဟိုးအဝေးကြီးမှာ။ ဒါတွေကို
မသိနိုင်၊ မမြင်နိုင်တော့မယ့် အရပ်မှာ။ မတရားဘူး ဖေဖေရယ်။