Wednesday 25 June 2014

ချစ်တတ်သူမို့

“ချစ်တတ်သူမို့”

မိုးထက်ဝဠာ
နေခြည်ဖြာလည်း
ရင်မှာမနွေး
ချစ်သူဝေးကြောင့်.. ။

ကြယ်ခင်းညီလာ
လရောင်သာလည်း
ရင်မှာမအေး
ချစ်သူဝေးကြောင့်.. ။

ပန်းပေါင်းထုံစွာ
နံ့သာယာလည်း
ရင်မှာမမွှေး
ချစ်သူဝေးကြောင့်.. ။

ချစ်သူ့အနား ရှိပါငြားမှ..
ပန်းများမွှေးကြူ
လရောင်ဖြူအေး
နေခြည်ထွေး၍
ဆွေးစိတ်လွင့်ပြယ် ဘဝင်ငယ်သိမ့်
ငြိမ့်ငြိမ့်ဖေးကူ ချစ်တတ်သူမို့
ဆောင်ယူခစား သခင့်ပါးဆီ
စကားလွမ်းတေး ဆိုချင်သည်.. ။ ။

လေးစားခြင်းဖြင့်

မြတ်ပန်းနွယ်

No comments: