Sunday 15 September 2013

အစွန့်ပယ်ခံပန်း၏ ရင်တွင်းစကား


တကယ်တော့ ကျွန်မတို့ ဇာတ်လမ်းလေး ပြီးဆုံးသွားခဲ့တာ နှစ်နှစ်ကျော်၊ သုံးနှစ်ထဲ  ရောက်ခဲ့ပါပြီ။ ဒါပေမယ့် ပြန်တွေးမိလိုက်တိုင်း မနေ့တစ်နေ့ကလို ခံစားလို့ ရနေသေးတာ ဘာကြောင့်များပါလဲ။ မခေါ်ဘဲရောက်လာခဲ့ပြီး မနှင်ဘဲ ထွက်ပြေးသွားခဲ့သည့် သက်ဆိုင်သူကတော့ ဟောသည်ကျွန်းနိုင်ငံလေး၊ ပန်းခြံဘေးက တိုက်ခန်းလေး နဲ့ သူ့အခန်းပြတင်းပေါက်တည့်တည့်မှ မြင်နေရသည့် Braddell Roadဆိုသည့် ဆိုင်းဘုတ်လေးအပါအဝင် ကျွန်မကိုပါ မေ့လျော့နေမည်မှာ သေချာပါသည်။

ရှိပါစေတော့.. သူတောင် မေ့ရက်နိုင်သေးတာပဲ၊ ငါက ဘာဖြစ်လို့များ သတိတွေရနေရမှာလဲ၊ အောက့်မေ့နေရမှာလဲ လို့ ကျွန်မ မကပ်တွက်ရက်ပါ။ ချစ်ခြင်းဆိုသည့်အရာမှာ မာနနှင့်ယှဉ်တွဲသည့် အတွေးတွေ မရှိကောင်းဘူး မဟုတ်ပါလား။ ချစ်ခြင်းတွင် အရေးကြီးဆုံး အရာတစ်ခုမှာ ကိုယ့်ခံစားချက်ကို သစ္စာရှိခြင်းဟု ကျွန်မကတော့ ထင်သည်။