ကိုယ့်တေးသံ
ကိုယ်သီကြွေးတဲ့
သည်သီချင်းဟာ
သာယာငြိမ့်ညောင်းတဲ့
သူ့ဂီတ အတောင်ပံတွေကို ဖြန့်ကျက်ရင်း
ချစ်သူရဲ့ နှစ်လိုဖွယ်ရာရင်ခွင်တစ်ခုလို
မင်းကို
သိုင်းဖွဲ့ထားပါလိမ့်မယ် ကလေးရယ်။
သူဟာ
မင်းရဲ့
နဖူးပြင်မှာ
ကောင်းချီးမင်္ဂလာအနမ်းတစ်ပွင့်ကို
ခြွေချလိမ့်မယ်။