Tuesday 11 June 2013

ကိုယ့်တေးသံ




ကိုယ့်တေးသံ

ကိုယ်သီကြွေးတဲ့ သည်သီချင်းဟာ
သာယာငြိမ့်ညောင်းတဲ့ သူ့ဂီတ အတောင်ပံတွေကို ဖြန့်ကျက်ရင်း
ချစ်သူရဲ့  နှစ်လိုဖွယ်ရာရင်ခွင်တစ်ခုလို
မင်းကို သိုင်းဖွဲ့ထားပါလိမ့်မယ် ကလေးရယ်။

သူဟာ
မင်းရဲ့ နဖူးပြင်မှာ
ကောင်းချီးမင်္ဂလာအနမ်းတစ်ပွင့်ကို ခြွေချလိမ့်မယ်။


မင်းလေး တစ်ယောက်တည်း ဖြစ်နေချိန်မှာ
မင်းလေးရဲ့ဘေးမှာ အတူထိုင်လို့
မင်း နားနားကလေးမှာကပ်ပြီး တိုးတိုးလေး ဆိုနေလိမ့်မယ်။
လူအုပ်ကြီးထဲ မင်းရောက်နေတဲ့အခါမှာလည်း
မင်းလေး လွတ်လွတ်ကျွတ်ကျွတ်ဖြစ်အောင် သူက ကာကွယ်လိမ့်ဦးမယ်။

သူဟာ မင်းအိပ်မက်တွေအတွက် အတောင်ပံတစ်စုံ ဖြစ်လိမ့်မယ်။
ပြီးတော့ မင်းလေးရဲ့ နှလုံးသားကို
လူသူမသိတဲ့ အနားသတ်တစ်ခုရောက်အောင် ပို့ဆောင်ပေးလိမ့်မယ်။

အမှောင်လွှမ်းတဲ့ သန်းခေါင်ယံ လမ်းမထက်မှာ
လင်းလက်တောက်ပနေကြတဲ့ မင်းဦးထိပ်က ကြယ်ပွင့်ကလေးတွေလို
သစ္စာမပျက် စောင့်ရှောက်လိမ့်မယ်။

မင်းရဲ့ မြင်လွှာလေးပေါ်မှာနေပြီး
မင်း မြင်တွေ့သမျှတွေကို အတွင်းသဘောထိမြင်နိုင်အောင် ပြသလိမ့်မယ်။

ပြီးတော့
ကိုယ်ကြွေလွင့်သွားလို့
တိတ်ဆိတ်ခြင်းတွေက ကိုယ့်ကိုဝါးမြိုသွားရင်တောင်
ရှင်သန်နေတဲ့ မင်းလေးရဲ့ အသည်းနှလုံးထဲမှာ
ကိုယ့်တေးသံဟာ တီးတိုးစကားတွေ ဆိုနေပါလိမ့်ဦးမယ်
ကလေးရယ်။

ရာဘင်ဒြာနသ်တဂိုး၏ My Song ကဗျာကို ဘာသာပြန်ဆိုထားပါတယ်။



မေတ္တာဖြင့်
မြတ်ပန်းနွယ်

21 comments:

Unknown said...

သိပ်လှတဲ့တေးသံလေးတစ်ပုဒ် နားဆင်ခံစားသွားတယ်နော် နွယ်

ချစ်တဲ့

Anonymous said...

ဆန္ဒလေးထပ်တူကျလျှက်ပါ မမြတ်

Anonymous said...

ဆန္ဒလေးထပ်တူကျလျှက်ပါ မမြတ်

Anonymous said...

တေးသံ​လေးသာယာညိမ့်​​ညောင်းသလိုမွန်​မြတ်​တဲ့​မေတ္တာပို့သသံ​လေး​ကြောင့်​ ​သွေးချင်းတစ်​​သွေ ​ဘေးကင်းကြပါ​စေတည်း

THS said...

တေးသံနဲ့အတူ ဆုတောင်းမေတ္တာပို့သ သူတွေထဲ ပါဝင်ခဲ့ပါရစေ ၊ သွေးချင်းတတွေ ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးကြပါစေ ။

Aye Chan Pyae said...

မြတ်ပန်းနွယ်ရဲ့ မေတ္တာတေးသံ ကို ရေခြားမြေခြားရောက် မြန်မာလူမျိုးများ ခံစားနိုင်ပြီး ဘေးအန္တရာယ် ကင်းရှင်းကြပါစေလို့ ဝိုင်းပြီးဆုတောင်းပေးချင်ပါတယ်

မိုးနတ်ကြယ်စင် said...

ကိုယ်ကြွေလွင့်သွားလို့
တိတ်ဆိတ်ခြင်းတွေက ကိုယ့်ကိုဝါးမြိုသွားရင်တောင်
ရှင်သန်နေတဲ့ မင်းကလေးရဲ့ အသည်းနှလုံးထဲမှာ
ကိုယ့်တေးသံဟာ တီးတိုးစကားတွေ ဆိုနေပါလိမ့်ဦးမယ်
ကလေးရယ်...... :))

သိပ်ကို ကြင်နာတတ်တဲ့ မမြတ် :)
ညလေးလဲ မမြတ်နဲ့ ထပ်တူထပ်မျှပါပဲရှင်...:)
ချစ်တဲ့.....မိုးနတ်ကြယ်စင်

မိုးနတ်ကြယ်စင် said...

ကိုယ်ကြွေလွင့်သွားလို့
တိတ်ဆိတ်ခြင်းတွေက ကိုယ့်ကိုဝါးမြိုသွားရင်တောင်
ရှင်သန်နေတဲ့ မင်းကလေးရဲ့ အသည်းနှလုံးထဲမှာ
ကိုယ့်တေးသံဟာ တီးတိုးစကားတွေ ဆိုနေပါလိမ့်ဦးမယ်
ကလေးရယ်...... :))

သိပ်ကို ကြင်နာတတ်တဲ့ မမြတ် :)
ညလေးလဲ မမြတ်နဲ့ ထပ်တူထပ်မျှပါပဲရှင်...:)
ချစ်တဲ့.....မိုးနတ်ကြယ်စင်

Anonymous said...

ကောင်းမြတ်သော ဆုတောင်းလေးပါ မြတ်ပန်း

ရာဇာထွေး said...

နားမထောင်ဖူး ပေမယ့် အမ မမြတ်ကြောင့် ဒီတေးသီချင်းလေးကိုခံစားသွားပါတယ်
တယ်ခင်ဗျာ... ကျွန်တော်တို့လို မလေးရှားရောက် သွေးချင်းတွေအတွက် ဆုတောင်း
မေတ္တာပို့သပေးကြတဲ့ အမမြတ်နဲ့ တကွအားလုံးသောသွေးချင်းမိတ်ဆွေများအားလုံးကို
မလေးရှားရောက် မြန်မာသွေးချင်းများကိုယ်စား ကျွန်တော်က ကျေးဇူးအထူးတင်ပါတယ်
ခင်ဗျာ... ဒီရက်ပိုင်းတွေမှာတော့သွားတာ၊ လာတာ၊ နေတာထိုင်တာအစစအရာရာဆင်
ခြင်ရပါတယ်... ကုလားလည်းကြောက်ရ၊ ရဲလည်းကြောက်ရအဖြစ်မျိုးပါ... ကိုယ့်နေ
ရာကအေးချမ်းပေမယ့် တစ်ကယ်ဖြစ်နေတဲ့ နေရာတွေကရွှေမြန်မာတွေအတွက်တော့စိတ်
မသက်သာစရာတွေပါ... တစ်ကယ်လည်းသေ၊ တစ်ကယ်လည်း ဒုက္ခရောက်ကြတဲ့သူ
တွေ၊ ကျီးလန့်စာစာနေရတဲ့သူတွေလည်းရှိပါတယ်.. နေရာဒေသအလိုက်ပေါ့.. ပြည်
တွင်းကသူတွေ သိထားသလို မလေးရောက်အားလုံး ခံစားနေတာတော့မဟုတ်ပါဘူး..


အဟိုးအရင်ထဲက အရမ်းဆိုးတဲ့နယ်မြေ ဥပမာ(Selayang)လိုအညိုရောင်နယ်မြေ
မျိုးမှာတော့ တော်တော်လေးဆိုးပါတယ်.. နဂိုထဲကမှ ဒုစရိုက်မှုတွေနဲ့ ရောပြွန်းနေ
တဲ့နေရာမှာ အလုပ်လုပ်နေရတဲ့ သူတွေအတွက်ကတော့ အခုလိုအချိန်မှာတော်တော်
လေးအကာအကွယ်မဲ့ပါတယ်.. မြန်မာအနည်းစု ဖြစ်ပြီးရွှေကုလား တွေကအများစု
ကြီးစိုးတဲ့နေရာပေါ့.. ခက်တာက ဒီအရေးအခင်းမှာ မြန်မာဘယ်နှစ်သေသွားတယ်
ဆိုတဲ့ တိကျတဲ့အဖြေမျိုး ဘယ်သတင်းဌာနကမှ သေသေချာချာ စာရင်းထုတ်ပြန်
တာမတွေ့ ရသလို.. ဖဘ.. ဘလော့ နဲ့ အွန်လိုင်းမီဒီယာ တွေမှာတော့ အမျိုး
မျိုးရေးထားကြတာကို တွေ့ရပါတယ်.. ဘယ်သူမှတိတိကျကျတာဝန်ခံတဲ့ မီဒီယာ
ကိုမတွေ့ ပါဘူး.. ပြည်တွင်းမီဒီယာ တွေဟာလည်း အွန်လိုင်းပေါ်ကသတင်းတွေ
ကို အခြေခံပြီး သတင်းယူတယ်လို့ ကျွန်တော်ယူဆပါတယ်.. ဒါကြောင့်ပြဿနာ
ကအရမ်းကြီးသလိုဖြစ်နေတာလို့ ထင်ပါတယ်.. Myanmarexpress ကဖော်
ပြသွားတဲ့ သတင်းတစ်ပုဒ်မှာလည်း အကြမ်းဖက်ခံရတဲ့ သူတွေရဲ့ passport
တွေနဲ့ အမည်တွေ လွဲနေတာမျိုးတွေတွေ့ရပါတယ်.. ဒီသတင်းရဲ့ အရင်းအမြစ်
ဘယ်ကလာလည်း ဆိုတော့ faceboook ကတက်လာတာပါ.. တစ်ကယ်ဖြစ်
ပြီးဆေးရုံပေါ်ရောက်နေတဲ့ ပတ်စပို့ကိုင်ပြီးတရားဝင်အလုပ်လုပ်နေတဲ့ လူတစ်
ယောက်ရဲ့အချက်အလက်ကိုတောင် သေချာရေအောင်မဖော်ပြနိုင်တော့ သတင်း
တွေကိုကိုယ့်အသိဥာဏ်နဲ့ သေချာသုံးသပ်ပြီး လက်ခံနေတဲ့ အနေအထားဖြစ်နေ
ပါတယ်.. ကျွန်တော်ဆိုလိုတာ ဒီကိစ္စတွေတစ်ကယ်ဖြစ်မနေပါဘူးလို့ ဆိုလိုရင်း
မဟုတ်ပါဘူး.. တစ်ကယ်ဖြစ်နေပါတယ်.. တိတိကျကျရေရေရာရာ သတင်း
မထုတ်ပြန်နိုင်တာကိုထောက်ပြတာပါ.. ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာအများ စုတွေရှိတတ်တဲ့နေရာတွေမှာ မြန်မာမှန်သမျှ တရားဝင်ဖြစ်စေ၊ အိုဗာစတေးနေထိုင် သည်ဖြစ်စေ တွေ့သမျှမြန်မာ မှန်သမျှအားလုံးဖမ်းတဲ့ သတင်းကတော့ အမှန်ပါ..
မှန်တဲ့သူတွေကို စခန်းရောက်လို့စစ်ဆေးပြီးလို့ အထောက်အထားခိုင်လုံရင်ပြန်လွတ်
ပါတယ်.. ကျွန်တော်စိတ်တော်တော်ကုန်သွားလို့ ဖဘကိုမသုံးတော့ပါဘူး.. ဖွတဲ့
သူတွေလည်းဖွကြ၊ သွေးထိုးတဲ့သူတွေလည်းသွေးထိုးကြနဲ့ အရမ်း ကိုစိတ်ပျက်စရာ
ကောင်းတဲ့နေရာလို့ ကျွန်တော်ယူဆလို့ပါ.. အခုလည်းသူငယ်ချင်းတွေဆီက ဖုန်း
နဲ့အကြောင်းကြား၊ မေးလ်တွေနဲ့အကြောင်းကြား နဲ့တစ်ယောက်ကိုတစ်ယောက်သတိ
ထားဖို့ သတိပေးနေကြပါတယ်.. ဟိုမှာတော့ ဘယ်နှစ်သေသွားပြီ.. ဒီမှာကဘယ်
နှစ်ယောက် အခုတ်ခံရပြန်ပြီ စသဖြင့် တစ်ယောက်တစ်မျိုး အမျိုးမျိုးပြောနေကြလို့
ဘယ်သတင်းအမှန်ဆိုတာ ယူဆဖို့ခက်နေပါတယ် အမမြတ်ရေ..အထက်မှာပြောခဲ့
တာတွေအားလုံးဟာကျွန်တော်တစ်ယောက်ထဲရဲ့ ထင်မြင်ယူဆချက်ပါ.. မှားတာဆို
ရင်လည်း ကျွန်တော့်ရဲ့ အမှားပါ.. ပေးတဲ့ comment နဲ့ post ကမသက်ဆိုင်
သလိုဖြစ်နေရင်တောင်းပန်ပါတယ် အမမြတ်ရေ... အစစအရာရာအတွက်ကျေးဇူး
တင်ပါတယ်ခင်ဗျာ...

ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး

လင်းခေတ်ဒီနို said...

သီချင်းတစ်ပုဒ်ကို နားထောင်နေရတာထက် ၊ ဇာတ်ဝင်ခန်း တစ်ခုကို ကြည့်နေရသလို ခံစားရတယ် . . . .

ခင်မင်စွာဖြင့်
ဗညားရှိန်

witch83 said...

တတကယ်လို့ သည်တေးသံဟာ ကျွန်မတို့ရဲ့ ဆုတောင်းမေတ္တာပို့သသံတွေဖြစ်ခဲ့မယ်ဆိုရင် ကျွန်မတို့ ပို့သတဲ့မေတ္တာဆုတောင်းသံတွေဟာ မလေးရှားမှာတင်မက တကမ္ဘာလုံးမှာရှိတဲ့ ကျွန်မတို့ရဲ့မြန်မာပြည်သားချင်းတတွေကို ဘေးအန္တရာယ်အပေါင်းမှ လုံခြုံအောင် လွှမ်းထုပ်ထားနိုင်ပါစေ။ ^^

နွေတေးရှင် (မင်းဧရာ) said...

ထို ထိုသော မေတ္တာ တာတို့ကြောင့် ဘေးဒုက္ခ အပေါင်းကနေ လွန်မြောက်လုဖြစ်နေပါပြီ အစ်မ
ကိုယ့်သွေး ကိုယ့်သားတွေအတွက် ဆေးတစ်စက် တေးတစ်ချပ်နဲ့ ဤဆုတောင်းကြောင့် သောက အပေါင်းတို့သည် ပြေငြိမ်းပျောက်ကွယ်ရပါလို၏ဗျာ ။

Anonymous said...

May they be safe!

Anonymous said...

May they be safe!

Kaung Htet Htun said...

ခံစားသွားပါတယ် မမရေ၊ ကျွန်တော့်ဘလော့ကို လာလည်တဲ့အတွက် ကျေးဇူးနော်။
မနက်ဖြန်ဆိုရင် ဘလော့စတင်တည်ထောင်တာ တစ်လပြည့်တဲ့နေ့ပါပဲ၊ ခွန်အားများ ပေးပါဦးဗျာ။
www.kogyikaunghtet.blogspot.com (နည်းပညာရပ်ဝန်းစုံ)

တန်ခူး said...

့ပို့ သတဲ့မေတ္တာတေးသွားကြောင့် ဆုတောင်းပြည့်မှာပါညီမရေ

လွမ်းပိုင်ရှင် said...

ပို့သတဲ့ မေတ္တာစစ် မေတ္တာမှန်ကြောင့်
ဘေးရန်တွေအစဉ်အမြဲကင်းနေကြမှာပါ
ခင်တဲ့ လွမ်းပိုင်ရှင်

မောင်သီဟ said...

အားလုံးအဆင်ပြေဖို့ပဲဆုတောင်းပေးနေပါတယ်ဗျာ

Myint Mo said...

Beautiful Translation, Myat.
Hope to read more.

ထွန်းရန်နိုင် said...

သိပ်ကိုလှတဲ့ ဘာသာပြန်ဆိုမှုလေးပါ။ မမမြတ်နဲ့ထပ်တူ ကျွန်တော်တို့လည်း ဆုတောင်းနေပါတယ်။