Saturday, 26 October 2013
Wednesday, 16 October 2013
မြင်းမိုရ်သို့အပြန်
၁။
ဆံပင်ဆေးဆိုးတဲ့
ဗူးကလေးတွေရယ်၊ ဇလုံသေးသေးလေး တစ်ခုရယ်၊ သွားပွတ်တံအဟောင်းလေးတစ်ချောင်းရယ် ပြီးတော့
ကြည့်မှန်သေးသေးလေးတစ်ခုရယ်ကို ကိုင်ပြီး မေမေက တွယ်တာ စာဖတ်နေတဲ့ အိမ်ရှေ့စားပွဲလေးနား
ရောက်လာတယ်။
“ မေမေ
ဘာလုပ်မလို့လဲ။ ”
“ မေမေ
ဆံပင်ဆေးဆိုးမလို့ သမီး။ အိမ်ထဲမှာ မှောင်လို့လေ။ အခု ဆိုးထားလိုက်တော့ တော်ကြာလို့
ရေချိုးရင် ခေါင်းပါ တစ်ခါတည်း လျှော်လို့ရတာပေါ့။ ”
“ မေမေက
ဆေးဆိုးနေရပြီပေါ့ ”
“ ဆိုးရပြီပေါ့
သမီးရယ်။ ကြာပါပေါ့။ မေမေမှ မငယ်တော့တာပဲကွယ်။ ”
တွယ်တာ့
ရင်ထဲမှာ တစ်မျိုးခံစားလိုက်ရပြီး မေမေ့မျက်နှာကို သေချာမော့ကြည့်လိုက်မိတယ်။ မေမေ
အိုသွားခဲ့ပြီပဲ။ မေမေ့အသက် တဖြည်းဖြည်းကြီးလာခဲ့မှန်း တွယ်တာ သိပေမယ့် အသက်ကြီးခြင်းနဲ့အတူ
အိုမင်းခြင်းပါ တွဲပါနေတယ်ဆိုတာကို တွယ်တာ လုံးဝ မေ့နေခဲ့တယ်။
Subscribe to:
Posts (Atom)