Thursday 6 March 2014

“ရင်သို့သာမွှေးစေသော”




ပန်းသွေးဖြူနီ နတ်ပန်းချီသို့
နေရီရီဝယ် လှသွေးကြွယ်လည်း
နံ့ငယ်စိုးစဉ်း မရှိခြင်းကြောင့်၊
ပျံ့သင်းကြူလန်း ပိတောက်ပန်းနှင့်
တူလန်းရွှင်ရွှင် နွေလှဆင်လည်း
ပန်ချင်လိုသူ မယ့်ကိုမြှူသော်
ပန်းတူသော်ငြား ရနံ့ရှား၍
မယ်ကားငြူစူ ပိတောက်ကြူကို
ပန်ယူဆင်မြန်း ဝေးသို့လှမ်းခဲ့၊
သည်းကျွမ်းဆူကြွေ မျက်ရည်ဝေလည်း
သည်နွေပန်းချီ ပင်ယံဆီမှ
ကူညီရေးသူ ပန်းစက္ကူ ။ ။

လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်

16 comments:

Anonymous said...

ကဗျာလေးက ကောင်းလိုက်တာ ပန်းနွယ်။ ပျို့ဖတ်နေရသလိုပဲ။ ဆရာမက ကဗျာတွေ မရေးတုန်းကလည်း မရေးဘူး။ ခုတော့လည်း လက်စွမ်းတွေ ပြနေတာ ဆက်တိုက်ပါပဲလား။ ကောင်းတယ်.. ပန်းနွယ်ရေ။ များများရေးပါ။ အားပေးနေတယ်နော်။

ဘုန်းဘုန်း

ရှေးစာဆို said...

အိုး.. ကဗျာလက်ရာတွေ တအားကို တိုးတက်လာတယ်။ တတ်သလောက် ဥာဏ်နဲ့ ဆန်းစစ်မိသမျှတော့ ကဗျာရဲ့ အကျအပေါက်တွေ၊ ကာရံယူထားတာတွေ အကုန်လုံး မှန်ကန်တယ်။ ဒီကဗျာမှာ စကားလုံးရွေးချယ်သုံးစွဲထားပုံကလည်း တိုတို ကျစ်ကျစ် ထိထိ မိမိ ရှိလှတယ်။ တော်တော်ကို ပါဖက်ဖြစ်တဲ့ ကဗျာလို့ ပြောရမှာပဲ။

စကားမစပ် ဓါတ်ပုံလေးလည်း မိုက်တယ်။

ရှေးစာဆို said...

ငွေတာရီရဲ့ ကဗျာလေးတွေကို သတိရမိတယ်..
ဒါလေး ပြောဖို့ ကျန်သွားလို့။

Cameron said...

နွေကဗျာလေးကိုလာခံစားသွားပါတယ်..း)

Aunty Tint said...

မြတ်အတွက်.. ကာယံမပီစာမညီတဲ့ ကဗျာလေး..

ရနံ့ချင်းပြိုင် တုမနိုင်လဲ
အမြင်ဆန်းတဲ့ စက္ကူပန်းမို့
ရှုသူတို့ရင် မွှေးသန့်လွင်...

မေတ္တာဖြင့်
တီတင့်

Thiha said...

ကဗျာလေးက အရမ်းကို လှတယ်နော်။ ရိုးသားသန့်စင်ခြင်းတွေ ကဗျာလေးမှာ မြင်ရပါတယ်။ ဖွဲ့ဖွဲ့နွဲ့နွဲ့ကော်မန့်မပေးတတ်လို့ပါ။ ကဗျာလေးက အရမ်းကိုပဲ ကောင်းပါတယ်။

မိုးရေထဲကကောင်လေး said...

နွေကဗျာလေး သိပ်လှပါတယ်။ ရနံ့မကြွယ်ပေမယ့် လှပတဲ့ ပန်းလေးတစ်ပွင့်မို့ ကျွန်တော် နှစ်သက်ပါတယ်။ စက္ကူပန်းလေးတွေက အရောင်လေးတွေလည်း သိပ်လှတယ်။ အပွင့်လေးတွေလည်း တစ်ခါတစ်ခါပွင့်ရင် အများကြီးပဲ။ တစ်နှစ်ပတ်လုံး ကြွားရရွားတင့်တယ်တယ်။ ကဗျာလေးက စက္ကူပန်းလေးဖက်ကို ကိုယ်ချင်းစာပြီး ရေးထားတာလေးမို့ လှပပြီး ပြည့်စုံတဲ့ နွေကဗျာလေး ဖြစ်သွားရပါတယ်။

Ei Thiri Tin said...

အရမ်းကိုလှတဲ့ ကဗျာလေးပါ မမ။

ဟန်ကြည် said...

စက္ကူပန်းအကြောင်း ကဗျာတစ်ပုဒ်ရေးဖို့ စဉ်းစားဖူးတယ်...အခုထိမရေးဖြစ်သေးဘူး...ကာရန်စနစ်ကို အတိအကျယူတာထက် အခုလို အလျဉ်းသင့်သလို ယူပြီးရေးတဲ့ပုံစံကို ဦးဟန်ကြည်တို့လည်း ပိုသဘောတွေ့တယ်...ပိုပြီး လွတ်လပ်တာကိုး...အသံတူ အသတ်တူ ယူဖို့ နဘေလှဖို့ကျတော့ သည်ဘက်ခေတ်နဲ့ သိပ်အံမ၀င်ပြန်ဘူးလေ...

John ဂျွန် said...

ကဗျာလေး သိပ်ကို လှတယ် နွယ်။
နွယ်ရေးတဲ့ နွေကဗျာလေးမှာ စက္ကူပန်းလေးတွေ ဂုဏ်တင့်လို့။
ကိုယ် သိပ်ပြီးနှစ်သက်တယ်။

Anonymous said...

ဟုတ်ပ မမြတ်ရယ်၊ စက္ကူပန်းရဲ့ ဘဝလေး ဘယ်သူစာနာမိမှာလဲကွယ်

ကဗျာလေး သိပ်လှ

Zay Yar said...

ကဗျာလေးက အရမ်းကို လှတယ်။ စက္ကူပန်းလေးကို ခမ်းနားစွာ ဖွဲ့ဆိုထားတယ်။

Aung Kyaw Zeya said...

မြန်မာကဗျာစစ်စစ်လေး ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောင်လည်း များများရေးပါဦး။ အမြဲတမ်း အားပေးနေပါတယ်။

တန်ခူး said...

ကဗျာလေးက ရင်ကိုထိရှတယ်. ရနံ့ မရှိတဲ့ပန်းတွေဆို ဘယ်လောက်လှလှ သိပ်မကြိုက်တတ်တဲ့ ကိုယ်ကမြတ်ကဗျာလေးဖတ်ပြီး စက္ကူပန်းလေးကို အရမ်းသနားသွားမိတယ်.

ရင်လှိုင်း said...

ပန်းစက္ကူလေး ကြူကြူ မွှေးသော်
ပိတောက်သော်မှ ငေးမည်လော။

ရင်လှိုင်း said...

ပန်းစက္ကူလေး ကြူကြူ မွှေးသော်
ပိတောက်သော်မှ ငေးမည်လော။