Wednesday 27 June 2012

ချစ်ခြင်းဘွဲ့ တေးကဗျာများ စုစည်းမှု

ချစ်ခြင်းဘွဲ့ တေးကဗျာများကို ဤစာမျက်နှာထက်မှာ စုစည်းထားချင်လို့ပါ။




"လွမ်းရတဲ့အကြောင်း"

သတိရတဲ့အခါ မင်းနာမည်ကို
သီချင်းတစ်ပုဒ်လို တိုးတိုးလေးညည်းမယ်။

သတိရတဲ့အခါ မင်းအတွက် ကိုယ့်အိပ်မက်တွေကို
ပန်းချီကားထဲမှာ မှော်ဆန်ဆန် ရေးဆွဲထားမယ်။

သတိရတဲ့အခါ ထုတ်ထုတ်ပြီး ဖတ်ဖြစ်တဲ့ ကဗျာတစ်ပုဒ်လို ..
မင်းအကြောင်းတွေးတိုင်း နှလုံးသားထဲမှာ အမြဲတမ်းနွေးထွေးတယ်။

ချစ်ခြင်းမေတ္တာဟာ အဆက်အကြောင်းတွေလိုပဲ
တစ်စနဲ့ တစ်စ ဆက်စပ်ထားရှိတယ်။

အရာရာကို သိုမှီးမထားတတ်တဲ့ ကိုယ့်နှလုံးသားမှာ
မင်းကို လွမ်းရတဲ့အကြောင်းတွေကိုတော့
မဖိတ်မစင် တွေ့နိုင်ပါရဲ့ကွယ် ။ ။

လေးစားစွာဖြင့်
မြတ်ပန်းနွယ်

36 comments:

mstint said...

အလွမ်းကဗျာလေးဖတ်သွားတယ် မြတ်ရေ။ အလုပ်တွေများနေတာလား မဖတ်ရတာကြာပေါ့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

3rdthameetaw said...

လာအားပေးသွားတယ် မြတ်ရေ

Unknown said...

လှလိုက်တဲ့ ကဗျာလေး နွယ် ရေ...

ချစ်တဲ့
နော်

စံပယ်ချို said...

လွမ်းရတဲ့အကြောင်း
ကောင်းတဲ့ကဗျာလေးဖတ်ခဲ့ရတယ်မြတ်ရေ

ချစ်စံအိမ် said...

ကဗျာလေးခံစားသွားပါတယ်..

ချစ်စံအိမ် said...

ကဗျာလေးလာရောက်ခံစားသွားပါတယ်..

Anonymous said...

သတိရတဲ့အခါ ထုတ်ထုတ်ပြီး ဖတ်ဖြစ်တဲ့ ကဗျာတစ်ပုဒ်လို ..
မင်းအကြောင်းတွေးတိုင်း နှလုံးသားထဲမှာ အမြဲတမ်းနွေးထွေးတယ်။

. .

ချစ်ခြင်းတစ်စ တေးအလှနဲ့ အိပ်မက်ပန်းချီကိုလည်း ဆေးခြယ်နိုင်ပါစေ မေ . . .

ကဗျာတစ်ပုဒ် စာတစ်အုပ်နဲ့ သူ့အကြောင်းတွေးတိုင်း နွေးထွေးနိုင်ပါစေ မေ . . .

ရင်ဝယ်လွမ်းမော တမ်းတဇောနဲ့ လွမ်းတေးကိုလည်း ဆိုနိုင်ပါစေ မေ . .

ခင်မင်စွာဖြင့်
ဘူဇွာကဗျာဆရာ

သူရိန် said...

ဝတ္တုတွေ အရေးကောင်းသလို ကဗျာအရေးလည်း ကောင်းတယ်။

Anonymous said...

လွမ်းရတဲ့ ကဗျာ ..

ရဲလင်းမြတ်

လွင်ပြင်လှိုင်းငယ် said...

တကယ့်ကို လှပတဲ့ကဗျာလေးပါပဲ

Yoemyaykya said...

သတိရတဲ့အခါ ဒီဆိုဒ်လေးကို ရောက်အောင်လာတယ်။

Phyu Lwin said...

ကဗျာလေး အရမ်းကောင်းတယ်

Angelhlaing(May everybody be happy and healthy! said...

နူးညံ့တဲ့ ချစ်ခြင်းတရား သက်သက်လေးပေါ့လေ မြတ်..။
သတိရတဲ့အခါ မင်းနာမည်ကို
သီချင်းတစ်ပုဒ်လို တိုးတိုးလေးညည်းမယ်။

မြတ်ညည်းနေသံ တိုးတိုးလေး ကြားသွားတယ်..:):)
ချစ်တဲ့..
လှိုင်

Anonymous said...

အစ်မက တော်တော်ချစ်တတ်တယ်နော်

ကြယ်ပြာ said...

ကဗျာဖတ်ရင်းလွမ်းသွားတယ် ...

ဒီစာပိုဒ်လေး အကြိုက်ဆုံး ...

အရာရာကို သိုမှီးမထားတတ်တဲ့ ကိုယ့်နှလုံးသားမှာ
မင်းကို လွမ်းရတဲ့အကြောင်းတွေကိုတော့
မဖိတ်မစင် တွေ့နိုင်ပါရဲ့ကွယ် ။ ။

အလွမ်းမြို့ said...

ကဗျာလေးက ကောင်းထှာ မြတ်ရေ။
မိလွမ်းလာရောက် အားပေးသွားတယ်နော်။
ဖြောင်း...ဖြောင်း....ဖြောင်း... (လက်ခုပ်သံ)



ခင်မင်တဲ့
အလွမ်း

ထွန်းရန်နိုင် said...

သူမ ဖတ်ဖို့ ကျွန်တော် အလစ်သုတ်သွားသည်။

Anonymous said...

မမြတ်ရေ .. နူးညံ့တဲ့ကဗျာလေးကို ဖတ်သွားခဲ့ပါတယ်ရှင့် .... :)

Anonymous said...

နူးညံ့တဲ့ကဗျာလေးကို ဖတ်မှတ်သွားခဲ့ပါတယ် မမြတ် .. ::))

Anonymous said...

နူးညံ့တဲ့ကဗျာလေးကို ဖတ်မှတ်သွားပါတယ် မမြတ် ... :)

ဇေယျာ said...

မြတ်ရေ .. အလွမ်းလေးတွေနဲ့ ကဗျာလေးက လှနေပါလား။

htawoo said...

သတိရတဲ့ အစ်မမြတ် ဘလော့လေးဆီ
အလည်လာပါမယ် ခင်ဗျာ...
teen magazine ဇူလိုင်လထုတ်မှာ အစ်မမြတ်ရဲ့
ဝတ္ထုတိုလေးနဲ့ အတူ ကျွန်တော့်ဝတ္ထုတိုလေးနဲ့ လည်း
တိုက်ဆိုင်စွာ ပုံနှိပ်ဖော်ပြခွင့် ရတဲ့အတွက် အတိုင်းမသိ
ဝမ်းသာမိပါတယ် အစ်မရေ...
အစ်မနဲ့  teen မှာ ဆုံရမယ်လို့ တောင် မထင်ထားမိလို့ ပါ အစ်မ...
htaw oo

မောင်သီဟ said...

ဒီနေ့ဖတ်မိသမျှကဗျာတွေက အလွမ်းဓတ်ခံတွေချည်းပဲ
အလွမ်းသမားတစ်ယောက်အတွက်တော့ ဆွေးတမြေ့မြေ့ ဖြစ်ချေပြီပေါ့ဗျာ

မိုးသူ(တောင်ကြီး) said...

အမမြတ်ရေ ... စကားလုံး အနုအလှလေးတွေနဲ့ 
စီချယ်ထားတဲ့ ကဗျာလေး အားပေးသွားပါတယ်

ခင်တဲ့
မိုးသူ(တောင်ကြီး)

ကြည်ဖြူခင်ခင် said...

သတိရတဲ့အခါ ထုတ်ထုတ်ပြီး ဖတ်ဖြစ်တဲ့ ကဗျာတစ်ပုဒ်လို ..
မင်းအကြောင်းတွေးတိုင်း နှလုံးသားထဲမှာ အမြဲတမ်းနွေးထွေးတယ်...

သိပ်လှတဲ့ စကားစုလေး..

ရင်ဆူး said...

အရာရာကို သိုမှီးမထားတတ်တဲ့ ကိုယ့်နှလုံးသားမှာ
မင်းကို လွမ်းရတဲ့အကြောင်းတွေကိုတော့
မဖိတ်မစင် တွေ့နိုင်ပါရဲ့ကွယ် ။ ။

အဆုံးသတ်လေး လှလိုက်တာဗျာ...မမြတ်က ရေးတတ်ပါ့ ကဗျာရေ...၀တ္ထုရော....

Anonymous said...

ကျေးဇူးပြုပြီး ထပ်မလွမ်းပါနဲ့တော့နော်။ ငါလဲမလွမ်းအောင် ကြိုးစားနေရလို့ပါ။

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ကဗျာလေးဖတ်သွားတယ် မြတ်ရေ.. မြတ်ရေးတဲ့ကဗျာလေးက နူးနူးညံ့ညံ့လေး ..

ချစ်တဲ့
ဝသုန်

ဆူးသစ် said...

ကဗျာသမားဆိုအားပေးတယ်။ ခံစားမှုကနက်တယ်လို့ထင်တယ်။ ကျွန်တော်က ကဗျာဆရာပဲဖြစ်ချင်သူမို့ လေးစားပါတယ်။ ကဗျာကောင်းလေးဖတ်သွားပါတယ်။ ဆက်လက်မျှဝေနိုင်ပါစေ။

မိုးနတ်ကြယ်စင် said...

ကောင်းလွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ပါဘူးမမရယ်...မမကဗျာလေးက အရမ်းကိုကောင်းပါတယ်..မိုးနတ်အရမ်းလဲကြိုက်ပါတယ်..မိုးနတ်ဆီလဲ လာလည်ပါအုံးရှင်...ဒါပေမဲ့ ဖိတ်ရတာအားတော့အနာသား..မိုးနတ်ကဗျာတွေက မမကဗျာတွေလောက်မကောင်းဘူးရှင့်။

Anonymous said...

အရာရာကို သိုမှီးမထားတတ်တဲ့ ကိုယ့်နှလုံးသားမှာ
မင်းကို လွမ်းရတဲ့အကြောင်းတွေကိုတော့
မဖိတ်မစင် တွေ့နိုင်ပါရဲ့ကွယ် ။ ။
အားပါးလှလိုက်တဲ့ စာသားလေးပဲ မြတ်ရေ ရင်ချိုချိုမှာ
ဘ၀င်ခိုသွားတယ်.........

မိုးညချမ်း said...

ညလေးလည်း သတိရတဲ့အခါတိုင်း မင်းကိုလွမ်းတဲ့အကြောင်း ကဗျာတစ်ပုဒ်စီ ရေးဖြစ်တယ် ... ကဗျာလေးကို အားပေးသွားတယ်နော် ... :)

Anonymous said...

အလွမ်းတွေ ကို ပန်းလို တယုတယ သီထားတာ ရင်နဲ့  အမျှ ဆို တာ ဖတ်ကြည့်ရုံနဲ့  သိနိုင်တဲ့ကဗျာလေး ပါ ။ ချစ်တဲ့ " မြတ် " ကို အမြဲအားပေးလျက်။

Zayar said...

Love all the poems.
They are very beautiful!

ကြောင်အော် said...

ဒေါ်မြတ်ပန်းနွယ်

ဘယ်သူမှမခေါ်တဲ့နာမည်ခေါ်ကြည့်တာ။ :D
နင် အဲသည်လောက် စိတ်ကူးယဉ်တတ်မယ်လို့ မထင်ထားပါ။ ကဗျာတွေကကောင်းတယ်။ နင်နဲ့တောင်မလိုက်ဘူး။ :P

lwannaung said...

တွေ့နိုင်ပါရဲ့ကွယ်.........။ ညွတ်ပျောင်းတဲ့အသံ